ABOUT US

ကျွန်တော်တို့ PERFECT IMAGE Co., Ltd သည် သက္ကရာဇ်၂၀၀၀ခုနှစ်၊နိုဝင်ဘာလတွင်စတင်တည်ထောင်ခဲ့ပြီး မြန်မာအမျိုးသားပိုင် SME Company တစ်ခုဖြစ်ပါသည်။ Printing Consumables အမျိုးအစားကို အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး Toner Cartridge, Printer နှင့် Copier နယ်ပယ်တွင် ၁၈နှစ်ကြော်ကြာအတွေ့အကြုံများဖြင့် ဝန်ဆောင်မှုပေးနေပါသည်။ စတင်တည်ထောင်ခဲ့သည့်အချိန်မှစပြီး ဆက်ဆံသုံးစွဲသူများ၏ ယုံကြည်မှုကိုတစ်စတစ်စပိုမိုရရှိခဲ့ကာ အထိုက်အလျောက်အောင်မြင်သော Company အဖြစ်ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါသည်။

လက်ရှိအချိန်တွင်လည်း အစိုးရဌာနဆိုင်ရာများ၊ သံရုံးများ ၊ NGO များ၊ ဘဏ်များ၊ကုပ္မဏီကြီးများ၊ စက်ရုံများ ၊ ကျောင်းများ နှင့် အခြားလုပ်ငန်းခွင်များအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိပါသည်။

အလုပ်အကိုင်အခွင့်အလမ်းဖန်တီးရေးကို ကုမ္ပဏီ၏အရေးကြီးမူဝါဒအဖြစ်လက်ခံကျင့်သုံးပြီး ပြည်တွင်းရှိ နိုင်ငံသားလူငယ်လူရွယ်များကို တတ်အားသမ ျှ ခေါ်ယူလက်တွဲပြီး အလုပ်အကိုင်များဖန်တီးပေးနိုင်ခဲ့ပြီဖြစ်ပါသည်။

နိုင်ငံခြားငွေကိုတစ်ဖက်တစ်လမ်းမှ ခြွေတာနိုင်သော သွင်းကုန်အစားထိုးကုန်ထုတ်လုပ်မှုအဖြစ် Printer Toner Cartridge များ၊ Copier Toner များ၊ Ink Cartridge များ၊ Ribbon Cartridge များထုတ်လုပ်ဖြန့်ချိသည့်လုပ်ငန်းအပြင် Printer နှင့် Copier Machine အမျိုးမျိုးတို့ကိုပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်းဆောင်ရွက်လျက်ရှိပါသည်။

တင်းကျပ်သောအရည်အသွေးစစ်ဆေးမှုပြုလုပ်ပြီး ယုံကြည်စိတ်ချရသောကုန်ပစ္စည်းများအဖြစ် ဈေးကွက်အတွင်း စဉ်ဆက်မပြတ် နာမည်ကောင်းရရှိနေစေရန်နှင့် သုံးစွဲသူတို့၏စိတ်ကျေနပ်မှုရရှိစေရန် အထူးကျိုးစားအားထုတ်လျက်ရှိပါသည်။

ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဈေးနှုံး၊ စိတ်ချရသော ကုန်ပစ္စည်းအရည်အသွေး၊ ကောင်းမွန်သော After Sale Service ဟူသောဂုဏ်ပုဒ်များကိုထိန်းသိမ်းလျက် ဈေးကွက်အတွင်း ယုံကြည်ကိုးစားမှုရရှိနေစေရန်ကြိုးစားအားထုတ်သွားပါမည်။